Home About CSO Link Site Map Contact Us
    Quick Access
 
 
    Statistics Myanmar
 
Myanmar In Brief
Statistical Act
Survey Highlights
Market Price
CSO News
Selected Monthly Economic Indicators
IMF National Summary Data Page (NSDP)

  Available for Sales
Statistical Yearbook 2016

Selected Monthly Economic Indicators(July 2016)

Home >> About CSO
ဗဟိုစာရင်းအင်းအဖွဲ့
ဗဟိုစာရင်းအင်းအဖွဲ့၏ ရည်မှန်းချက်
စာရင်းအင်း အရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေး အတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်ကိန်းများကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့်  အမျိုးသား စာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန်။
 
အမျိုးသား စာရင်းအင်းဆိုင်ရာ မူဝါဒ (Statistical Policy)
(က)
စာရင်းအင်း အရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေးအတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်ကိန်း များကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့်  မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန် ။
(ခ)
မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် ပေါ်ပေါက်နိုင်စေရေးအတွက်  တရားဝင် စာရင်းအင်းများနှင့် သက်ဆိုင်သော နှစ်စဉ်စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့် ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများအား ပေါင်းစပ်ညနှိုင်းရန်၊
(ဂ)
စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသော အခြေခံစည်းမျဉ်းများနှင့်အညီ စာရင်းအင်းဆိုင်ရာစံနှုန်းများ သတ်မှတ်နိုင်စေရေးနှင့် အဆိုပါ စံနှုန်းများ ကိုက်ညီစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဃ)
သတ်မှတ်ထားသောစံနှုန်းများနှင့် ကိုက်ညီသောစာရင်းအင်းများ ပြုစုရာတွင် မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ကြသည့် အစိုးရဌာန၊ အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ  ဆောင်ရွက်ထားသည့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များအား လေ့လာစိစစ်အကဲဖြတ်ရန်၊
(င)
စာရင်းအင်းရလဒ်များကို မှားယွင်းဖော်ပြခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်နည်းပညာဆိုင်ရာ အကူအညီနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ အချက်အလက်ပြုစုထုတ်ပြန်သူများ၊ စာရင်းအင်း ဆိုင်ရာအချက်အလက် သုံးစွဲသူများ၊  နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လိုအပ်သလို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊
(စ)
တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်များနှင့်အညီ မူလစာရင်းအင်း အချက်အလက်များကောက်ယူခြင်း၊ လူမှုစီးပွားဆိုင်ရာ စစ်တမ်းများ ကောက်ယူရန်   မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ကြသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊
(ဆ)
ဗဟိုစာရင်းအင်းအဖွဲ့သည် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့်အရည် အသွေးပြည့်ဝရေးကော်မတီ၏ အတွင်းရေးမှူးရုံး(Secretariat) အဖြစ် ဆောင်ရွက်ရန်၊
(ဇ)
အမျိုးသားစာရင်းအင်းစနစ်၏ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော  အစီအစဉ်နှင့်စာရင်းအင်း အချက်အလက်များကို ဖြန့်ဝေခြင်း၊ စီမံချက်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို လေ့လာစိစစ် ကြီးကြပ်ရန်၊
(စ်)
အရည်အသွေးပြည့်ဝ၍ တိကျမှန်ကန်သော စာရင်းအင်း ကိန်းဂဏန်းအချက် အလက်များအား ကောက်ယူစုစည်းနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များတွင် ဗဟိုစာရင်းအင်းအဖွဲ့ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ရန် ၊ ၎င်းရုံးခွဲများအကြား စာရင်းအင်းအချက်အလက်ပေးပို့ရန် ကွန်ယက် (Data Communication Network) ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် စုစည်းထိန်းသိမ်း ထားရှိရန်၊
(ည)
တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သည့် စာရင်းအင်းလုပ်ငန်းစဉ်များကို ပြည်ထောင်စုအဆင့်၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဋ)
ဗဟိုစာရင်းအင်းအဖွဲ့က စာရင်းအင်းဆိုင်ရာ အချက်အလက်များကို အီလက်ထရွန်နစ် အချက်အလက်ဝန်ဆောင်မှုစနစ် ထူထောင်ခြင်းနှင့် လျှို့ဝှက်ကိစ္စရပ်မှအပ ထုတ်ပြန်သင့်သည့် စာရင်းအင်းများအား ဖြန့်ဝေရန်၊ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်၏ စာရင်းအင်းအချက်အလက်ဖြန့်ဝေရန်၊ စီမံချက်နှင့်အညီ စာရင်းအင်းအချက်အလက်များ အားလုံးကို သတင်းကဏ္ဍမျိုးစုံမှ တစ်ဆင့်ဖြန့်ဝေခြင်းတို့ကို ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဌ)
စာရင်းအင်းများပြုစုရာတွင် စာရင်းအင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်အရည်အသွေးကို မြှင့်တင်ရန် သင်ရိုးညွှန်းတမ်း ရေးဆွဲဆောင်ရွက်ခြင်း၊ စာရင်းအင်းနည်းပညာ ဖွံ့ဖြိုးရေး သင်တန်းများ ဖွင့်လှစ်ရန်၊
(ဍ)
မြန်မာအမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သော အချက်အလက်များအား နည်းလမ်းတကျဖြင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနများဆောင်ရွက်ခြင်း၊ စာရင်းအင်းထုတ်ပြန်မှု အရည်အသွေးကို အကဲဖြတ်ခြင်း၊ လေ့လာစိစစ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊
(ဎ)
စာရင်းအင်းဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခေတ်နှင့်လျော်ညီသည့် လိုအပ်ချက်အပေါ်မူတည်၍  အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(ဏ)
ခေတ်မီစာရင်းအင်းနည်းပညာများ အသုံးပြုနိုင်ရေး၊ ခေတ်မီစာရင်းအင်းဆိုင်ရာ ဆော့(ဖ်)ဝဲများ အသုံးချနိုင်ရေးနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများသို့ ဖြန့်ဝေပေးရန်၊
(တ)
မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ သုတေသနပြုသူများနှင့် အခြားစာရင်းအင်း အသုံးပြုသူများအတွက် စာရင်းအင်းဆိုင်ရာစာစောင်များကို ထုတ်ဝေရန်၊
 
Top Next >>
www.csostat.gov.mm
      Home | About CSO | Link | Site Map| Contact Us
Myanmar In Brief | Statistical Act | Survey Highlights | Selected Indicators
Copyright 2008 Central Statistical Organization. All rights reserved.   Designed By MIT Pte. Ltd.