Skip to main content

လုပ်ငန်းတာဝန်များ

၁။ စာရင်းအင်းများကောက်ယူစုစည်းရေးတာဝန်

စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ကိန်းဂဏန်းများကို အစိုးရဌာနဆိုင်ရာများသို့ အမှာစာများ ပေးပို့ တောင်းခံ၍သော်လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍဆိုင်ရာစာရင်းအင်းများကို စစ်တမ်းများကောက်ယူ ခြင်းဖြင့် လည်းကောင်း ကောက်ယူစုစည်းလျက်ရှိပါသည်။

၂။ ဗဟိုစာရင်းအင်းအဖွဲ့မှ ကောက်ယူပြီးစီးခဲ့သော စစ်တမ်းအမျိုးအစားများ

(က) အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်း

(ခ) အိမ်ထောင်စုများ၏ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်စစ်တမ်း

(ဂ) အိမ်ထောင်စုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းစစ်တမ်း

(ဃ) ဖွား/သေ စာရင်းအင်းစနစ်အပေါ်လေ့လာအကဲဖြတ်မှုစစ်တမ်း

(င) အမျိုးသားအဆင့် သေဆုံးမှုဆိုင်ရာ စစ်တမ်း

(စ) စိုက်ပျိုးသီးနှံအချို့အားလေ့လာခြင်းစစ်တမ်း (စပါး၊မြေပဲ၊နှမ်း၊ ဝါ)

(ဆ) ပုဂ္ဂလိကစက်မှုဇုန်စစ်တမ်းများ

(ဇ) စျေးနှုန်းစစ်တမ်းများ

(စျ) လက္ကားကုန်သွယ်မှုစစ်တမ်း

(ည) မြန်မာစီးပွားရေးလုပ်ငန်းစစ်တမ်း(၂၀၁၅)

(ဋ) အပူပိုင်းဒေသကျေးရွာများ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေစစ်တမ်း

၃။ ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ဝေပြီး/လျက်ရှိသောစာရင်းအင်းဆိုင်ရာ စာအုပ်စာစောင်များ

(က) နှစ်စဉ်မြန်မာစာရင်းအင်းစာစောင် (စာအုပ်နှင့် CD)

(ခ) လစဉ်စီးပွားရေးအညွှန်းကိန်းစာစောင်

(ဂ) မြန်မာလယ်ယာ စာရင်းအင်းစာစောင်(၁၉၉၇- ၁၉၉၈ မှ ၂၀၀၉- ၂၀၁၀)

(ဃ) သားငါး စာရင်းအင်းစာစောင်( ၂၀၀၈- ၂၀၀၉)

(င) မြန်မာသစ်တော စာရင်းအင်းစာစောင်(၂၀၀၁- ၂၀၀၂ မှ ၂၀၁၀- ၂၀၁၁)

(စ)မြန်မာလယ်ယာ စာရင်းအင်းစာစောင်(၂၀၀၆- ၂၀၀၇ မှ ၂၀၁၅- ၂၀၁၆)

(ဆ) ကလေးနှင့်အမျိုးသမီးများဆိုင်ရာစာရင်းအင်းစာစောင်

(ဇ) လစဉ်စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုစာစောင်(ကန့်သတ်)

(စျ) ပို့ကုန်/သွင်းကုန် စာရင်းအင်းစာစောင်(ကန့်သတ်)

(ည) အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းအစီရင်ခံစာ(၁၉၉၇)

(ဋ) စီမံ/ဖွံ့ဖြိုးဂျာနယ်

(ဌ) သုံးလပတ်စာရင်းအင်းစာစောင်

(ဍ) မြန်မာစီးပွားရေးလုပ်ငန်းစစ်တမ်း(၂၀၁၅)

၄။ နေ့စဉ် Update ပြုလုပ်ခြင်း

ဗဟိုစာရင်းအင်းအဖွဲ့ Website၊ ဝန်ကြီးဌာန Website နှင့် www.mmsis.gov.mm Website တို့တွင် ရွှေစျေးနှုန်း၊ ငွေလဲလှယ်မှု နှုန်းများ၊ စက်သုံးဆီစျေးနှုန်းများ၊ ကုန်ပစ္စည်းစျေးနှုန်းများကို နေ့စဉ် Update ပြုလုပ်ခြင်း၊ ဝန်ကြီးဌာနအတွင်းရှိ ဌာနအားလုံး၏ အချက်အလက်များအား ဝန်ကြီးဌာန Website တွင် နေ့စဉ် Update ပြုလုပ်လျက်ရှိပါသည်။

၅။ အပတ်စဉ်တင်ပြဆောင်ရွက်မှု

ဗဟိုစာရင်းအင်းအဖွဲ့သည် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသော ရွှေစျေးနှုန်းများ၊ ကမ္ဘောဇငွေလဲလှယ်ရေး ကောင်တာနှင့် ပြင်ပဈေးကွက်မှ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ၊ Account Transfer နှုန်းများကို ဝန်ကြီးဌာနသို့ အပတ်စဉ်တင်ပြ အစီရင်ခံလျက်ရှိပါသည်။

၆။ သင်္ကေတခွဲခြားပြုစုခြင်းလုပ်ငန်းတွင် ဦးဆောင်မှုပြုနေခြင်း

ဗဟိုစာရင်းအင်းအဖွဲ့သည် ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများသာမက စီးပွားရေးဆိုင်ရာ လုပ်ငန်းများအားလုံးအတွက် သင်္ကေတခွဲခြားပြုစုခြင်းလုပ်ငန်းများတွင် ခေတ်အဆက်ဆက် ဦးဆောင် တာဝန်ယူခဲ့ပါသည်။ ကုလသမဂ္ဂစာရင်းအင်းဌာန (UNSD) မှထုတ်ပြန်ထားသည့်အပြည်ပြည်ဆိုင်ရာ စံပြုသင်္ကေတ ခွဲခြားခြင်းစနစ် အတွဲ-၄ (ISIC) ကိုအခြေခံ၍ မြန်မာ့လုပ်ငန်းများဆိုင်ရာ စံပြုသင်္ကေတ ခွဲခြားခြင်း (MSIC) ကို မြန်မာ+အင်္ဂလိပ် (၂) ဘာသာဖြင့်ပြုစုနိုင်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် အတည်ပြု ချက်ယူပြီးပါက ထုတ်ဝေနိုင်တော့ မည်ဖြစ်ပါသည်။

၇။ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှုအမျိုးသားအဆင့်မဟာဗျူဟာဖော်ဆောင်ရေး ဆောင်ရွက်မှုများ (NSDS)

အမျိုးသားစာရင်းအင်း အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်၍ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (NSDS) ကို ဖွံ့ဖြိုးမှုမိတ်ဖက်များ၏အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိရာ လုပ်ငန်းအဖွဲ့တစ်ခုချင်းစီ၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ဝင်များမှ တာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိုင်းအကြံပြုချက်များရယူရန် အစည်းအဝေးများကိုကျင်းပဆောင်ရွက်လျက်ရှိပါသည်။

၈။ စာရင်းအင်းအချက်အလက်များမှန်ကန်ရေးညှိနှိုင်းဆောင်ရွက်မှုများ (DAQS)

စာရင်းအင်း အချက်အလက်များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကိစ္စရပ်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ Stakeholders များနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်မည့်စွမ်းဆောင်မှုရှိသည့် အမျိုးသားစာရင်း အင်းစနစ်ဖြစ်ပေါ်စေရန်အတွက် ပြုပြင်ပြောင်းလဲမှု Statistical Evolution လုပ်ဆောင်ရန် အစည်း အဝေးများကျင်းပဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါသည်။

၉။ ဘွဲ့လွန်စာရင်းအင်းပညာဒီပလိုမာသင်တန်း

ဘွဲ့လွန်စာရင်းအင်းပညာဒီပလိုမာသင်တန်းအား ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူး၍ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းများ အား ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

၁၀။ ကျွမ်းကျင်မှုတိုးမြှင့်ရေးဆိုင်ရာသင်တန်းများ

ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် ဝန်ထမ်းများ၏ စာရင်းအင်းဆိုင်ရာနှင့် ကွန်ပျူတာဆိုင်ရာ များတွင် အရည်အသွေး တိုးတက်လာစေရန်အတွက် စာရင်းအင်းဆိုင်ရာသင်တန်းများနှင့် ကွန်ပျူတာ ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ ကွန်ပျူတာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချရာတွင် အခြားဝန်ကြီးဌာနများမှ သင်တန်းသားများကိုပါ ပို့ချမွေးထုတ်နိုင်ခဲ့ပါသည်။ စာရင်းအင်းဆိုင်ရာ သင်တန်းများကိုပို့ချရာတွင် နိုင်ငံခြားတိုင်းပြည်များမှ ကျွမ်းကျင်သူများ၊ ပြည်တွင်းမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ လာရောက်ပို့ချသည့် နိုင်ငံအလိုက် စာရင်းအင်းသင်တန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ကြီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ သင်တန်းသားများကို တက်ရောက်စေခဲ့ပါသည်။

၁၁။ အချက်အလက် ကွန်ယက်စနစ် ထူထောင်ဆောင်ရွက်မှုများ

ဗဟိုစာရင်းအင်းအဖွဲ့၏ အချက်အလက် ကွန်ယက်စနစ် (Data Communication Network) အား မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်တို့အား ADSL(၁၂၃) လိုင်း၊ Fiber (၃၂)လိုင်းဖြင့်ချိတ်ဆက်တပ်ဆင်ထားပြီးဖြစ်ပါသည်။ ဗဟိုစာရင်းအင်းအဖွဲ့၏ မြို့နယ်အဆင့်မှ စ၍ အခြေခံစာရင်းအင်း အချက်အလက်များအား ကောက်ယူ၍ ထည့်သွင်းနိုင်ရန် Software ရေးသားပြီး www.csotemplate.gov.mm website မှတဆင့် အချက်အလက်များ ထည့်သွင်း နိုင်ပြီဖြစ်ပါသည်။

၁၂။ စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ

AMRO, ASEAN-STATISTICS DEPARTMENT, Bloomberg, CESD, Danish Mission, Denmark Government, EMReF, EU_ASEAN COMPASS, FAO, GIZ, Hanns Sidel Fondation, ILO, IMF, ISTAT, JFPR, JICA, KOICA, MCRB, MIMU, MMRD, Oxfam, PARIS 21, SIAP, TAOLAM, UNAIDS, UNCDF, UNDP, UNEP, UNESCO, UNFPA, UN-Habitat, UNHCR, UNICEF, UNIDO, UNRC, UNREACH, UNSD, USAID, WB, WFP, WWF, ADB, Mekong-ROK စသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

၁၃။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ

  • ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ဗဟိုစာရင်းအင်းအဖွဲ့ အနေဖြင့် အချက်အလက်အသုံးပြုသူများ၊ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်း၍ SDGs indicators တွက်ချက်ဖော်ထုတ်နိုင်ရေးအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် များဆိုင်ရာ အသိပညာဖြန့်ဝေသည့် အလုပ်ရုံဆွေးနွေးပွဲများအစည်းအဝေးများကို ကျင်းပပြုလုပ် လျက်ရှိပါသည်။
  • မြန်မာနိုင်ငံရှိ ကလေးသူငယ်ဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ရည်မှန်းချက်များ အကောင်အထည်ဖော်စေရန်အတွက် လိုအပ်သည့် မူဝါဒဆိုင်ရာထည့်သွင်းစဉ်းစားရန် အချက် များ ပေါ်ပေါက်စေရန် ရည်ရွယ်၍ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုကလေးများရန်ပုံ ငွေအဖွဲ့ (UNICEF) တို့ပူးပေါင်း၍ “မြန်မာ့ကလေးများဖွံ့ဖြိုးဖို့ မျှော်မှန်းချက်သစ်နှင့် ရလဒ် သစ်များဖြင့်အားထုတ်စို့” ဆောင်ပုဒ်ဖြင့် အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
  • ထို့အပြင် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ညွှန်ကိန်းအသစ်များတိုင်းတာနိုင်ရန် မြန်မာနိုင်ငံ၏ စာရင်းအင်းရရှိနိုင်မှု အခြေအနေအား အကဲဖြတ်မှုအစီရင်ခံစာ”ကို ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNDP တို့ပူးပေါင်းထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
  • အစီရင်ခံစာအရ အရန်သင့်အသုံးပြုနိုင်သော ညွှန်ကိန်း ၄၄ ခု၊ အနည်းငယ်အားထုတ်မှုပြုပြီး နောက်ရရှိနိုင်သည့် ညွှန်ကိန်း ၇၈ ခုနှင့် ပိုမိုအားထုတ်ပြီးမှရရှိနိုင်သော ညွှန်ကိန်း ၁၉ ခုရှိပါသည်။
  • အဆိုပါ အချက်အလက် အကဲဖြတ်မှုအစီရင်ခံစာကို ထုတ်ဝေပြီးနောက် SDGs Indicators Baseline Report for Myanmar ဆက်လက်ထွက်ရှိနိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNDP တို့ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Baseline Report ကို ၂၀၁၇ ခုနှစ်၊ နှစ်ဦးပိုင်း တွင် ထွက်ရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။
  • Baseline Report ထွက်ရှိနိုင်ရေးအတွက် Technical Workshop on SDGs Indicator Baseline Report for Myanmar အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့မှ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့အပြင် SDGs Indicator များတွက်ချက်ဖော်ထုတ်သည့် နည်းလမ်းများသိရှိစေရန်အတွက် ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNDP တို့ပူးပေါင်း၍ “SDGs Indicator များတွက်ချက်ဖော်ထုတ်နိုင်ရေးနှင့် International SDGs Metadata အသုံးပြုနိုင်ရေးသင်တန်း”ကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၈) ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါသည်။

၁၄။ အနာဂတ်ကာလ လုပ်ငန်းစဉ်များ

(က)  စာရင်းအင်းဆိုင်ရာ ဗဟို Database တစ်ခုတည်ဆောက်ရန်

(ခ)  ပုဂ္ဂလိကကဏ္ဍ၏ ပုံမှန်စာရင်းအင်းများ တောင်းခံရရှိရေးဆောင်ရွက်ရန်

(ဂ)  ပုဂ္ဂလိကကဏ္ဍ ဆောက်လုပ်ရေးစစ်တမ်း၊ သယ်ယူပို့ဆောင်ရေးစစ်တမ်း၊ အမျိုးသားအဆင့် မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ စစ်တမ်း၊ မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း၊ လူထုဆက်သွယ်ရေး ဆိုင်ရာစစ်တမ်း၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်သူများ စစ်တမ်း၊ အကျိုးဆောင်မှုဆိုင်ရာ ကုန်သွယ်မှု စစ်တမ်းများကောက်ယူရန်

(ဃ)  ဗဟိုစာရင်းအင်းအဖွဲ့၏ရုံးခွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တိုးချဲ့ဖွင့်လှစ်ရန်

(င)  ဝန်ထမ်းများ၏ စာရင်းအင်းဆိုင်ရာ အရည်အသွေး တိုးတက်ကောင်းမွန်ရန်အတွက် ဆောင် ရွက်ရန်

(စ)   စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက်ဆောင် ရွက်ရန်