Skip to main content

စာရင်းအင်းကဏ္ဍ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (SSCG)

ရည်ရွယ်ချက်

အမျိုးသားစာရင်းအင်းစနစ် အရည်အသွေး မြှင့်တင်ရေးအတွက် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (NSDS) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် အရင်းအမြစ်ကွာဟမှုကို ဖြည့်ဆည်းနိုင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များထံမှ အကြံပေးဆိုင်ရာ ဝန်ဆောင်မှုများအပါအဝင် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စာရင်းအင်းကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းခြင်း ဖြစ်ပါသည်။


စာရင်းအင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ
စဉ် ရာထူး ဌာန တာဝန်

၁။

ညွှန်ကြားရေးမှူးချုပ်

ဗဟိုစာရင်းအင်းအဖွဲ့      

ဥက္ကဋ္ဌ

၂။

ဒု-ညွှန်ကြားရေးမှူးချုပ်

ဗဟိုစာရင်းအင်းအဖွဲ့      

ဒု-ဥက္ကဋ္ဌ

၃။

ညွှန်ကြားရေးမှူး

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

၄။

ညွှန်ကြားရေးမှူး

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း
ဦးစီးဌာန

အဖွဲ့ဝင်

၅။

ညွှန်ကြားရေးမှူး

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

၆။

ညွှန်ကြားရေးမှူး

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

၇။

ညွှန်ကြားရေးမှူး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

အဖွဲ့ဝင်

၈။

ညွှန်ကြားရေးမှူး

လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန

အဖွဲ့ဝင်

၉။

ညွှန်ကြားရေးမှူး

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အဖွဲ့ဝင်

၁၀။

ညွှန်ကြားရေးမှူး

ပြည်သူ့အင်အားဦးစီးဌာန

အဖွဲ့ဝင်

၁၁။

ညွှန်ကြားရေးမှူး

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

၁၂။

ညွှန်ကြားရေးမှူး

ကုန်သွယ်ရေးဦးစီးဌာန

အဖွဲ့ဝင်

၁၃။

ညွှန်ကြားရေးမှူး

ပညာရေးသုတေသန၊စီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာန

အဖွဲ့ဝင်

၁၄။

ညွှန်ကြားရေးမှူး

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

အဖွဲ့ဝင်

၁၅။

ညွှန်ကြားရေးမှူး

ကုသရေးဦးစီးဌာန

အဖွဲ့ဝင်

၁၆။

ညွှန်ကြားရေးမှူး

စီမံကိန်းရေးဆွဲရေးဦးစီးဌာန  

အဖွဲ့ဝင်

၁၇။

ညွှန်ကြားရေးမှူး

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား

ရေးဦးစီးဌာန

အဖွဲ့ဝင်

၁၈။

ညွှန်ကြားရေးမှူး 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

၁၉။

ညွှန်ကြားရေးမှူး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဖွဲ့ဝင်

၂၀။

ညွှန်ကြားရေးမှူး

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန     

အဖွဲ့ဝင်

၂၁။

ဌာနေကိုယ်စားလှယ် 

UNFPA

အဖွဲ့ဝင်

၂၂။

စာရင်းအင်းပညာရှင် 

UNDP

အဖွဲ့ဝင်

၂၃။

ဌာနေကိုယ်စားလှယ်  

UNICEF

အဖွဲ့ဝင်

၂၄။

မြန်မာနိုင်ငံဆိုင်ရာ

ညှိနှိုင်းရေးမှူး

Bloomberg

အဖွဲ့ဝင်

၂၅။

အကြီးတန်းစီးပွားရေး

ပညာရှင်

World Bank

အဖွဲ့ဝင်

၂၆။

ဌာနအကြီးအကဲ

European Union

အဖွဲ့ဝင်

၂၇။

ဌာနေကိုယ်စားလှယ်

ADB

အဖွဲ့ဝင်

၂၈။

အကြံပေးသူ

Denmark

အဖွဲ့ဝင်

၂၉။

ဌာနေကိုယ်စားလှယ်

IMF

အဖွဲ့ဝင်

၃၀။

နည်းပညာဆိုင်ရာ

အကြံပေးအရာရှိ

ILO

အဖွဲ့ဝင်

၃၁။

ညှိနှိုင်းရေးမှူး

JICA, JAPAN

အဖွဲ့ဝင်

၃၂။

မန်နေဂျာ

MIMU

အဖွဲ့ဝင်

၃၃။

ဌာနအကြီးအကဲ

UNESCO

အဖွဲ့ဝင်

၃၄။

စီမံကိန်းမန်နေဂျာ

ISTAT

အဖွဲ့ဝင်

၃၅။

အကြီးတန်းစာရင်းအင်း

ပညာရှင်များ

FAO

အဖွဲ့ဝင်

၃၆။

လက်ထောက်ကိုယ်စားလှယ်

KOICA

အဖွဲ့ဝင်

၃၇။

စီမံကိန်းညှိနှိုင်းရေးမှူး

UNIDO

အဖွဲ့ဝင်

၃၈။

စည်းရုံးရေးမှူး

UN REACH Myanmar

အဖွဲ့ဝင်

၃၉။

မန်နေဂျာ

UNFCCI

အဖွဲ့ဝင်

၄၀။

ညွှန်ကြားရေးမှူး

ဗဟိုစာရင်းအင်းအဖွဲ့      

အတွင်းရေးမှူး


စာရင်းအင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏လုပ်ငန်းတာဝန်များ

(က) ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ မြန်မာအစိုးရသို့ပေးအပ်သော စာရင်းအင်းဆိုင်ရာ အထောက်အပံ့များသည် စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ ဖွံ့ဖြိုးမှုနှင့် အကောင်အထည်ဖော်မှုအတွက် ထိရောက်သေချာမှုရှိစေရန်၊

( ခ) စာရင်းအင်းကဏ္ဍအတွက် ရရှိသည့် ဖွံ့ဖြိုးမှုအကူအညီများသည် ၎င်းကဏ္ဍအတွက် ချမှတ်ထားသည့် စီမံကိန်းများ အကောင်အထည်ဖော်မှုအတွက် တိုက်ရိုက်ချိတ်ဆက်၍ သေချာစွာ အထောက်အကူပြုစေရန်၊

( ဂ) စာရင်းအင်းအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တီထွင်ဖန်တီးမှုရှိသည့် နည်းလမ်း များအား ရှာဖွေလုပ်ဆောင်နိုင်ရေး SSCG အဖွဲ့ဝင်များနှင့် နိုင်ငံတကာ အသိုက်အဝန်းမှ ဖွံ့ဖြိုးမှု မိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်ရန်၊

(ဃ) SSCG အဖွဲ့ဝင်များသည် ဖွံ့ဖြိုးမှုမိတ်ဖက်များမှ အဆိုပြုလာသည့် စာရင်းအင်းဆိုင်ရာ စီမံချက်နှင့် လုပ်ငန်းရပ်များကို SSCG ၏ ပုံမှန်အစည်းအဝေးသို့ တင်ပြကာ ကျန် အဖွဲ့ဝင်များထံမှ အကြံဉာဏ်များရယူ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊

( င) SSCG အဖွဲ့ဝင်များသည် စာရင်းအင်းကဏ္ဍဆိုင်ရာ လေ့လာဆန်းစစ်မှု စွမ်းရည် လိုအပ်ချက် များကို စိစစ်သုံးသပ်ပြီး တွေ့ရှိချက်များအတွက် ပူးပေါင်း ဆောင်ရွက် နိုင်ရေး SSCG သို့ တင်ပြရန်၊

( စ) မူလစာရင်းအချက်အလက်များအား စိတ်ချယုံကြည်ရ၍ အရည်အသွေးပြည့်ဝသော စာရင်းအင်းများအဖြစ် အသွင်ကူးပြောင်းနိုင်ရေး အတွက် SSCG အဖွဲ့ဝင်များအကြား အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန်၊

(ဆ) တရားဝင်စာရင်းအင်းများအား အပြည်ပြည်ဆိုင်ရာ စံနှုန်းနှင့် ကိုက်ညီစေရန် ခေတ်မီ နည်းပညာများကို အသုံးပြု၍ စုစည်းတွက်ချက်ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ရန်၊

( ဇ) စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (NSDS) လုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံရသော အခက်အခဲများကို အတူတကွ ပူးပေါင်းအဖြေရှာ ဖော်ထုတ်၍ ဖြေရှင်းဆောင်ရွက်ရန်၊

( ဈ) ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား စာရင်းကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးအတွက် “One-Stop-Shop” အဖြစ် ထောက်ပံ့ပေးရန်၊

(ည) ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ အဆိုပြုလာသည့် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ စီမံချက်များအတွက် နိုင်ငံတော်မှ လုပ်ပိုင်ခွင့် အခိုင်အမာ ရရှိစေရေး အတွက် အကဲဖြတ်မှုများနှင့် စိစစ်မှုများ ပြုလုပ်ရန်၊

( ဋ) ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အမျိုးသားအဆင့် စွမ်းရည်တည်ဆောက်ရေး စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရန်၊

( ဌ) SSCG အဖွဲ့အတွင်း နည်းပညာ အကူအညီ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရေး အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများ ဖွဲ့စည်းတည်ထောင်ရန်၊

( ဍ) စာရင်းအင်းဆိုင်ရာ အသိအမြင်များ ပြန့်ပွားအောင် ဆောင်ရွက်ရန်၊

( ဎ) SSCG ဥက္ကဋ္ဌသည် ဦးစားပေးများ ရွေးချယ်ကာ ကုန်ကျမည့် ဘဏ္ဍာငွေပမာဏများ သတ်မှတ်ထားပြီးဖြစ်သည့် ကဏ္ဍဆိုင်ရာ စီမံကိန်းများကို ခြောက်လအတွင်း SSCG အဖွဲ့ဝင်များထံ ဖြန့်ဝေပေးရန်၊

(ဏ) (၂)လ သို့မဟုတ် (၃)လလျှင် အနည်းဆုံး တစ်ကြိမ် အစည်းအဝေး ပုံမှန်ကျင်းပရန်၊

(တ) အစည်းအဝေး အစီအစဉ် လိုအပ်ချက်အရ အခြားလိုအပ်သည့် ဌာနများနှင့် အဖွဲ့အစည်း များကိုလည်း ဖိတ်ကြားဆောင်ရွက်ရန်၊


ခေါင်းစဉ် ဖိုင်အရွယ်အစား အသုံးပြုသည့်နေ့စွဲ ဖိုင်တွဲ
SSCG 19,306 KB 2018-12-03