Skip to main content

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (CCDAQS)

စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (CCDAQS)

ရည်ရွယ်ချက်

(က) တိကျမှန်ကန်၍ အရည်အသွေး ပြည့်ဝပြီး ယုံကြည်စိတ်ချရသော စာရင်းအင်းများကို အချိန် နှင့်တစ်ပြေးညီ ပြုစုပံ့ပိုးနိုင်သည့် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်စေရန်၊

( ခ) မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်စေရန်၊

( ဂ) တိကျမှန်ကန်၍ အရည်အသွေးပြည့်ဝသည့် စာရင်းအင်းများရရှိခြင်းဖြင့် မူဝါဒနှင့်စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှု အကဲဖြတ်ရာတွင်လည်း ကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင်လည်းကောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ် ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူပြုစေရန်၊

(ဃ) စာရင်းအင်းနှင့်သက်ဆိုင်သောဌာန၊ အဖွဲ့အစည်းများအကြား ထိရောက်မြန်ဆန်စွာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်နှင့် လွယ်ကူချောမွေ့စေရန်၊

(င) အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သည့် စာရင်းအင်းများကို ရရှိအသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့်ပြည်သူတို့အကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြှင့် စေရန်။

စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့

၁။   တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့

၂။   စစ်တမ်းများနှင့် စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်များလုပ်ငန်းအဖွဲ့

၃။   မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့

၄။   စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့

၅။   စွမ်းအင်ဆိုင်ရာ စာရင်းအင်း လုပ်ငန်းအဖွဲ့

၆။   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာရင်းအင်း လုပ်ငန်းအဖွဲ့

၇။   ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာ စာရင်းအင်း လုပ်ငန်းအဖွဲ့

၈။   မေခရိုစီးပွားရေးစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ငွေရေးကြေးရေးစာရင်းအင်းလုပ်ငန်းအဖွဲ့

၉။   လူမှုရေးဆိုင်ရာ စာရင်းအင်းများလုပ်ငန်းအဖွဲ့

၁၀။   လူဦးရေဆိုင်ရာစာရင်းအင်းများလုပ်ငန်းအဖွဲ့


ခေါင်းစဉ် ဖိုင်အရွယ်အစား အသုံးပြုသည့်နေ့စွဲ ဖိုင်တွဲ
CCDAQC.pdf 19,306 KB 2018-12-03