Skip to main content

ဝန်ထမ်းခေါ်ယူခြင်း အချက်အလက်

Close Date : 30, Nov 2019

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော စိစစ်ရေးမှူး(၂) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း



လျှောက်လွှာခေါ်ယူခြင်း

      ငွေတိုက်ဦးစီးဌာနတွင် စိစစ်ရေးမှူး(၂)(လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၂၅)နေရာ လစ်လပ်လျက်ရှိပါသည်။  လစ်လပ်ရာထူး(၂၅)နေရာတွင် စီးပွားရေးတက္ကသိုလ်များမှ ဘွဲ့ရများနှင့် တက္ကသိုလ်များမှ ကွန်ပျူတာသိပ္ပံဘွဲ့ရသူများ၊ ဥပဒေဘွဲ့ရသူများကို ရွေးချယ်ခန့်ထားမည် ဖြစ်ပါသည်။

     ရွေးချယ်ခြင်းခံထားရသူများအား(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် ကနဦး လစာကျပ်၂၁၆၀၀၀/-ဖြင့်စတင်ခန့်ထားပါမည်။ ရွေးချယ်ခြင်းခံရသူများသည် ငွေတိုက်ဦးစီးဌာနတွင် တာ၀န်ထမ်းဆောင်ရမည်ဖြစ်ပြီး အရာထမ်းငယ်အခြေခံသင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပါသည်။

    လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     အနည်းဆုံးပညာအရည်အချင်းမှာ အောက်ဖော်ပြပါဘွဲ့တစ်ခုခု ရရှိသူများ ဖြစ်ရပါမည်





Back