×
Search
Myanmar
Myanmar
English
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Home
Site Map
Link
Home
Site Map
Link
CSO အကြောင်း
ရည်မှန်းချက်၊ မျှော်မှန်းချက်
မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော စာရင်းအင်းစနစ်
လုပ်ငန်းတာဝန်များ
ဗီဒီယိုနှင့် ဓာတ်ပုံများ
ဗဟိုစာရင်းအင်းအဖွဲ့ ဖွဲ့စည်းပုံ
CSO သတင်း
သတင်းများ
တင်ဒါ
ဝန်ထမ်းခေါ်ယူခြင်း
စစ်တမ်းပြက္ခဒိန်
ဥပဒေနှင့် လုပ်ထုံးလုပ်နည်း
စာရင်းအင်းဥပဒေ
စာရင်းအင်း နည်းဥပဒေများ
မူဝါဒနှင့်မဟာဗျူဟာ
မူဝါဒအနှစ်ချုပ်
စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (CCDAQS)
စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (NSDS)
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)
စာရင်းအင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(SSCG)
အမျိုးသားညွှန်ကိန်းမူဘောင်(NIF)
တရားဝင်စာရင်းအင်းများ၏ အမျိုးသားအရည်အသွေး ပြည့်မီရေးမူဘောင်(NQAF)
ထုတ်ဝေခြင်းနှင့် ဖြန့်ချီခြင်း
ထုတ်ဝေခြင်းနှင့် ဖြန့်ချီခြင်း
နှစ်စဉ်မြန်မာစာရင်းအင်းစာစောင်
လစဉ်စီးပွားရေးညွှန်ကိန်းစာစောင်(SMEI)
သုံးလပတ်စာရင်းအင်းစာစောင်
မြန်မာစိုက်ပျိုးရေးစာရင်းအင်းများ
စီမံ/ဖွံ့ဖြိုး ဂျာနယ်များ
သတင်းအချက်အလက်နှင့်အစီရင်ခံစာများ
စစ်တမ်းအစီရင်ခံစာ
စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအစီရင်ခံစာများ
ကုန်သွယ်ရေးအစီရင်ခံစာနှင့် သတင်းများ
Infographic သတင်းအချက်အလက်များ
Skip to main content
ဗဟိုစာရင်းအင်းအဖွဲ့အကြောင်း
ဗဟိုစာရင်းအင်းအဖွဲ့၏ ရည်မှန်းချက်
စာရင်းအင်း အရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေး အတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်ကိန်းများကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့် အမျိုးသား စာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန်။
အမျိုးသား စာရင်းအင်းဆိုင်ရာ မူဝါဒ (Statistical Policy)
(က) စာရင်းအင်း အရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေးအတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်ကိန်း များကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန် ။
(ခ) မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် ပေါ်ပေါက်နိုင်စေရေးအတွက် တရားဝင် စာရင်းအင်းများနှင့် သက်ဆိုင်သော နှစ်စဉ်စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့် ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများအား ပေါင်းစပ်ညနှိုင်းရန်၊
(ဂ) စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသော အခြေခံစည်းမျဉ်းများနှင့်အညီ စာရင်းအင်းဆိုင်ရာစံနှုန်းများ သတ်မှတ်နိုင်စေရေးနှင့် အဆိုပါ စံနှုန်းများ ကိုက်ညီစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဃ) သတ်မှတ်ထားသောစံနှုန်းများနှင့် ကိုက်ညီသောစာရင်းအင်းများ ပြုစုရာတွင် မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ကြသည့် အစိုးရဌာန၊ အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆောင်ရွက်ထားသည့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များအား လေ့လာစိစစ်အကဲဖြတ်ရန်၊
(င) စာရင်းအင်းရလဒ်များကို မှားယွင်းဖော်ပြခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်နည်းပညာဆိုင်ရာ အကူအညီနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ အချက်အလက်ပြုစုထုတ်ပြန်သူများ၊ စာရင်းအင်း ဆိုင်ရာအချက်အလက် သုံးစွဲသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လိုအပ်သလို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊
(စ) တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်များနှင့်အညီ မူလစာရင်းအင်း အချက်အလက်များကောက်ယူခြင်း၊ လူမှုစီးပွားဆိုင်ရာ စစ်တမ်းများ ကောက်ယူရန် မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ကြသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊
(ဆ) ဗဟိုစာရင်းအင်းအဖွဲ့သည် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့်အရည် အသွေးပြည့်ဝရေးကော်မတီ၏ အတွင်းရေးမှူးရုံး(Secretariat) အဖြစ် ဆောင်ရွက်ရန်၊
(ဇ) အမျိုးသားစာရင်းအင်းစနစ်၏ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော အစီအစဉ်နှင့်စာရင်းအင်း အချက်အလက်များကို ဖြန့်ဝေခြင်း၊ စီမံချက်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို လေ့လာစိစစ် ကြီးကြပ်ရန်၊
(ဈ) အရည်အသွေးပြည့်ဝ၍ တိကျမှန်ကန်သော စာရင်းအင်း ကိန်းဂဏန်းအချက် အလက်များအား ကောက်ယူစုစည်းနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များတွင် ဗဟိုစာရင်းအင်းအဖွဲ့ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ရန် ၊ ၎င်းရုံးခွဲများအကြား စာရင်းအင်းအချက်အလက်ပေးပို့ရန် ကွန်ယက် (Data Communication Network) ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် စုစည်းထိန်းသိမ်း ထားရှိရန်၊
(ည) တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သည့် စာရင်းအင်းလုပ်ငန်းစဉ်များကို ပြည်ထောင်စုအဆင့်၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဋ) ဗဟိုစာရင်းအင်းအဖွဲ့က စာရင်းအင်းဆိုင်ရာ အချက်အလက်များကို အီလက်ထရွန်နစ် အချက်အလက်ဝန်ဆောင်မှုစနစ် ထူထောင်ခြင်းနှင့် လျှို့ဝှက်ကိစ္စရပ်မှအပ ထုတ်ပြန်သင့်သည့် စာရင်းအင်းများအား ဖြန့်ဝေရန်၊ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်၏ စာရင်းအင်းအချက်အလက်ဖြန့်ဝေရန်၊ စီမံချက်နှင့်အညီ စာရင်းအင်းအချက်အလက်များ အားလုံးကို သတင်းကဏ္ဍမျိုးစုံမှ တစ်ဆင့်ဖြန့်ဝေခြင်းတို့ကို ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဌ) စာရင်းအင်းများပြုစုရာတွင် စာရင်းအင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်အရည်အသွေးကို မြှင့်တင်ရန် သင်ရိုးညွှန်းတမ်း ရေးဆွဲဆောင်ရွက်ခြင်း၊ စာရင်းအင်းနည်းပညာ ဖွံ့ဖြိုးရေး သင်တန်းများ ဖွင့်လှစ်ရန်၊
(ဍ) မြန်မာအမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သော အချက်အလက်များအား နည်းလမ်းတကျဖြင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနများဆောင်ရွက်ခြင်း၊ စာရင်းအင်းထုတ်ပြန်မှု အရည်အသွေးကို အကဲဖြတ်ခြင်း၊ လေ့လာစိစစ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊
(ဎ) စာရင်းအင်းဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခေတ်နှင့်လျော်ညီသည့် လိုအပ်ချက်အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(ဏ) ခေတ်မီစာရင်းအင်းနည်းပညာများ အသုံးပြုနိုင်ရေး၊ ခေတ်မီစာရင်းအင်းဆိုင်ရာ ဆော့(ဖ်)ဝဲများ အသုံးချနိုင်ရေးနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများသို့ ဖြန့်ဝေပေးရန်၊
(တ) မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ သုတေသနပြုသူများနှင့် အခြားစာရင်းအင်း အသုံးပြုသူများအတွက် စာရင်းအင်းဆိုင်ရာစာစောင်များကို ထုတ်ဝေရန်၊
ဗဟိုစာရင်းအင်းအဖွဲ့၏ဆောင်ရွက်နေမှုများ
၁။ စာရင်းအင်းများကောက်ယူစုစည်းရေးတာဝန်
စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ကိန်းဂဏန်းများကို အစိုးရဌာနဆိုင်ရာများသို့ အမှာစာများ ပေးပို့ တောင်းခံ၍သော်လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍဆိုင်ရာစာရင်းအင်းများကို စစ်တမ်းများ ကောက်ယူခြင်းဖြင့် လည်းကောင်း ကောက်ယူစုစည်းလျက်ရှိပါသည်။
၂။ ဗဟိုစာရင်းအင်းအဖွဲ့မှ ကောက်ယူပြီးစီးခဲ့သော စစ်တမ်းအမျိုးအစားများ
(က) အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းများ
(ခ) အိမ်ထောင်စုများ၏ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်စစ်တမ်း
(ဂ) အိမ်ထောင်စုတစ်ပိုင်တစ်နိုင် စီးပွားရေးစစ်တမ်း
(ဃ) ဖွား/သေ စာရင်းအင်းစနစ်အပေါ်လေ့လာအကဲဖြတ်မှုစစ်တမ်း
(င) အမျိုးသားအဆင့်ဖွား/သေ စစ်တမ်း
(စ) စိုက်ပျိုးသီးနှံအချို့အားလေ့လာခြင်းစစ်တမ်း(စပါး၊မြေပဲ၊နှမ်း၊ဝါ)
(ဆ) ပုဂ္ဂလိကစက်မှုဇုန်စစ်တမ်းများ
(ဇ) ဈေးနှုန်းစစ်တမ်းများ
(ဈ) လက္ကားရောင်းဝယ်မှုစစ်တမ်း
၃။ ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ဝေပြီး/လျက်ရှိသောစာရင်းအင်းဆိုင်ရာစာအုပ်စာစောင်များ
(က) နှစ်ပတ်လည်စာရင်းအင်းစာစောင်(စာအုပ်နှင့် CD)
(ခ) လစဉ်စီးပွားရေးအခြေပြစာစောင
(ဂ) စိုက်ပျိုးရေးစာရင်းအင်းစာစောင်
(ဃ) မွေးမြူရေးစာရင်းအင်းစာစောင
(င) သစ်တောစာရင်းအင်းစာစောင်
(စ) ကလေးနှင့်အမျိုးသမီးများဆိုင်ရာစာရင်းအင်းစာစောင်
(ဆ) လစဉ်စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုစာစောင်(ကန့်သတ်)
(ဇ) ပို့ကုန်/သွင်းကုန် စာရင်းအင်းစာစောင်(ကန့်သတ်)
(ဈ) အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းအစီရင်ခံစာ(၁၉၉၇)
၄။ နေ့စဉ်တင်ပြဆောင်ရွက်မှု
ဗဟိုစာရင်းအင်းအဖွဲ့သည် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသော ရွှေဈေးနှုန်းများ၊ အမေရိကန် ဒေါ်လာလဲလှယ် နှုန်းများ၊ Account transfer နှုန်းများကို ဝန်ကြီးဌာနသို့ နေ့စဉ်တင်ပြ အစီရင်ခံလျက်ရှိပါသည်။
၅။ သင်္ကေတခွဲခြားပြုစုခြင်းလုပ်ငန်းတွင် ဦးဆောင်မှုပြုနေခြင်း
ဗဟိုစာရင်းအင်းအဖွဲ့သည် ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများသာမက စီးပွားရေးဆိုင်ရာ လုပ်ငန်းများ အားလုံးအတွက်သင်္ကေတခွဲခြားပြုစုခြင်းလုပ်ငန်းများတွင် ခေတ်အဆက်ဆက် ဦးဆောင်တာဝန်ယူခဲ့ပါသည်။ ကုလသမဂ္ဂစာရင်းအင်းဌာန (UNSD) မှထုတ်ပြန်ထားသည့်အပြည်ပြည်ဆိုင်ရာ စံပြုသင်္ကေတ ခွဲခြားခြင်းစနစ် အတွဲ-၄(ISIC,Rev-4) ကိုအခြခံ၍ မြန်မာ့လုပ်ငန်းများဆိုင်ရာ စံပြု သင်္ကေတခွဲခြားခြင်း (MSIC, Rev-4) ကို မြန်မာ+အင်္ဂလိပ်(၂) ဘာသာဖြင့် ပြုစုနိုင်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် အတည်ပြုချက်ယူပြီးပါက ထုတ်ဝေနိုင်တော့မည်ဖြစ်ပါသည်။
၆။ ကျွမ်းကျင်မှုတိုးမြှင့်ရေးဆိုင်ရာသင်တန်းများ
ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် ဝန်ထမ်းများ၏ စာရင်းအင်းဆိုင်ရာနှင့် ကွန်ပျူတာဆိုင်ရာများတွင် အရည်အသွေး တိုးတက်လာစေရန်အတွက် စာရင်းအင်းဆိုင်ရာ သင်တန်းများနှင့် ကွန်ပျူတာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ ကွန်ပျူတာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချရာတွင် အခြားဝန်ကြီးဌာနများမှ သင်တန်းသားများကိုပါ ပို့ချမွေးထုတ်နိုင်ခဲ့ပါသည်။ စာရင်းအင်းဆိုင်ရာ သင်တန်းများကိုပို့ချရာတွင် နိုင်ငံခြားတိုင်းပြည်များမှ ကျွမ်းကျင်သူများ လာရောက် ပို့ချသည့် နိုင်ငံအလိုက် စာရင်းအင်းသင်တန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ကြီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ သင်တန်းသားများကို တက်ရောက်စေခဲ့ပါသည်။
၇။ စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်ပအဖွဲ့အစည်းများ
UNDP, UNICEF, UNIDO, IMF, ASEAN-STATISTICS DEPARTMENT, JICA, KOICA စသော အဖွဲ့အစည်းများဖြစ်ပါသည်။
၈။ အနာဂတ်ကာလ လုပ်ငန်းစဉ်များ
(က) စာရင်းအင်းဆိုင်ရာ ဗဟို Database တစ်ခုတည်ဆောက်ရန်
(ခ) ပုဂ္ဂလိကကဏ္ဍ၏ ပုံမှန်စာရင်းအင်းများ တောင်းခံရရှိရေးဆောင်ရွက်ရန်
(ဂ) ပုဂ္ဂလိကကဏ္ဍဆောက်လုပ်ရေးစစ်တမ်း၊ ဖွား/သေစစ်တမ်း၊ အိမ်ထောင်စုစားသုံးမှုစစ်တမ်း၊ လူထု ဆက်သွယ်ရေးဆိုင်ရာစစ်တမ်း၊ ပြည်ပတွင်သွားရောက်အလုပ်လုပ်သူများ စစ်တမ်း၊ အကျိုးဆောင်မှု ဆိုင်ရာ ကုန်သွယ်မှုစစ်တမ်းများကောက်ယူရန်
(ဃ) ဗဟိုစာရင်းအင်းအဖွဲ့၏ရုံးခွဲများကို ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် တိုးချဲ့ဖွင့်လှစ်ရန်
(င) ဝန်ထမ်းများ၏ စာရင်းအင်းဆိုင်ရာ အရည်အသွေးတိုးတက်ကောင်းမွန်ရန် အတွက် ဆောင်ရွက်ရန်
ကျွန်တော်တို့နှင့် အလွယ်တကူ ဆက်သွယ်ရန်
သင်မေးချင်တာရှိပါကကျွန်တော်တို့ကိုအသိပေးပါ။
ပို့ပေးပါ
ဗဟိုစာရင်းအင်းအဖွဲ့
ရုံး (၃၂), နေပြည်တော်, မြန်မာ
ဖုန်းနံပါတ်
၀၆၇-၄၀၆၃၂၅, ၄၀၆၃၂၈, ၄၀၆၃၂၆
အီးမေးလိပ်စာ
[email protected]
Fax
၀၆၇-၄၀၆၁၅၁