ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးချုပ်)
နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဒုတိယစာရင်းအင်းမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ (၅၁) နေရာ အတွက် သတ်မှတ်အရည်အချင်း ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) လျှောက်ထားသူများသည် ၆-၇-၂၀၂၂ ရက်နေ့တွင် အသက် (၃၀) နှစ်ထက် မကျော်လွန်စေရ။
(ဂ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ၆-၇-၂၀၂၂ ရက်နေ့တွင် အသက် (၃၅) နှစ်ထက် မကျော် လွန်စေရ။ (သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် ဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရမည်)
(ဃ) ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ် ရမည်။
(င) ပညာအရည်အချင်းသတ်မှတ်ချက်မှာ-
(၁) စီးပွားရေးတက္ကသိုလ်များမှ ပညာရပ်ဆိုင်ရာ ဘွဲ့ရရှိသူများ
M.P.A, M.B.A, M.Dev.S, B.Econ(Stats), B.Econ(Eco), B.Com, B.B.A, B.B.M, B.Act, B.Dev.S, B.A(Eco), B.A(B.M)
(၂) B.Sc(Stats)
(၃) B.C.Sc (သို့မဟုတ်) B.C.Tech
(၄) B.A (English)
(အထက်ပါဘွဲ့အားလုံးအတွက်မဟာဘွဲ့ရရှိသူများလည်းလျှောက်ထားနိုင်ပါသည်။)
(စ) ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
(ဆ) အလုပ်သမားမှတ်ပုံတင်ထားသူ ဖြစ်ရမည်။ (ဝန်ထမ်းမဟုတ်သူများ)
(ဇ) အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဈ) တိုင်းဒေသကြီး/ပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့ရုံးခွဲများတွင် လျှောက်ထားသူများ
အားလျှောက်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဦးစားပေးခန့်ထားမည်ဖြစ်ပါသည်။
၃။ လျှောက်လွှာပုံစံများကို ဗဟိုစာရင်းအင်းအဖွဲ့ နေပြည်တော်ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့ရုံးခွဲများတွင်လည်းကောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့၏ Website ဖြစ်သော https://www.csostat.gov.mm တွင်လည်းကောင်း Download ၍ ထုတ်ယူနိုင်သည်။
၄။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲပါရှိရပါမည်-
(က) ဝင်ကြေးပေးသွင်းသည့် ချလန်မူရင်း။
(ခ) ဘွဲ့လက်မှတ်မိတ္တူ။ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)
(ဂ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်လက်မှတ်
မိတ္တူ။ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)
(င) ရက်သတ္တပတ်(၂)ပတ် အတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ။
(ဓာတ်ပုံကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသား ရန်)
(စ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင် ကတ်ပြားမိတ္တူ။ (ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်)
(ဆ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် လွန်ခဲ့သော (၁) လအတွင်း ရရှိထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ထောက်ခံချက်မူရင်း။
(ဇ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်းနှင့်ဌာနဆိုင်ရာ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်မူရင်း။
၅။ စာမေးပွဲဝင်ကြေး ကျပ် (၁၀၀၀/-) ကို (မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်၊ ငွေစာရင်း အမှတ် MD-010550) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သို့ ပေးသွင်းရမည်။
၆။ ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစာရင်းအင်း အဖွဲ့ (ရုံးအမှတ်-၃၂)၊ နေပြည်တော်သို့ လိပ်စာတပ်၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက် မှ မှတ်ပုံတင်၍သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့ရုံးခွဲများတွင် လည်းကောင်း ၇-၇-၂၀၂၂ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရပါမည်။
၇။ ဝန်ထမ်းဖြစ်ပါက အပိုဒ် (၄) ပါ အထောက်အထားများပါရှိသော လျှောက်လွှာကို သက်ဆိုင်ရာဌာနအကြီးအကဲမှတစ်ဆင့် ဗဟိုစာရင်းအင်းအဖွဲ့ရုံးသို့ ၈-၇-၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန်နှင့် ကြိုတင်လျှောက်လွှာမိတ္တူတစ်စောင်ကို ဗဟိုစာရင်းအင်းအဖွဲ့ရုံး သို့ ၇-၇-၂၀၂၂ ရက်နေ့တွင် တိုက်ရိုက်ကြိုတင် ပေးပို့ရန်ဖြစ်ပါသည်။
၈။ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများကို လုံးဝ (လုံးဝ) ထည့်သွင်းလက်ခံစဉ်းစားမည်မဟုတ်ပါ။
၉။ ရေးဖြေစာမေးပွဲကို နေပြည်တော် (ရုံးချုပ်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗဟိုစာရင်းအင်း အဖွဲ့ရုံးများတွင် ၂၃-၇-၂၀၂၂ ရက်နေ့တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို လျှောက်လွှာတင်သွင်းခဲ့သော ဗဟိုစာရင်းအင်းအဖွဲ့ရုံးများတွင် ၁၈-၇-၂၀၂၂ ရက်နေ့မှစ၍ ထုတ် ပေးပါမည်။ ဖြေဆိုခွင့်ကတ်ပြားများ လာရောက်ထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို တစ်ပါတည်း ယူဆောင်လာရပါမည်။
၁၀။ ဖြေဆိုရမည့် ရေးဖြေစာမေးပွဲ ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာစာနှင့် အင်္ဂလိပ်စာ (၂) နာရီမေးခွန်း
(ခ) ဘာသာရပ်ဆိုင်ရာဗဟုသုတနှင့် အထွေထွေဗဟုသုတ (၂) နာရီမေးခွန်း
ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ နှုတ်ဖြေစာမေးပွဲနှင့် ကွန်ပျူတာစစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသည်။
၁၁။ အသေးစိတ်သိရှိလိုပါက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးအမှတ်-၃၂)၊ စီမံခန့်ခွဲရေးဌာနစိတ်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၆၇-၄၀၆၃၂၉၊ ၄၀၆၃၇၂ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Attachment | Size |
---|---|
vacancy call for Statistica lLiteracy.pdf | 30 KB |
Power BI_ Job Description.pdf | 33 KB |
ToR for Proposal Writing Training consultancy.pdf | 19 KB |
JD-JR for Vacancy-Trade.pdf | 55 KB |
vacanc call for Applied - New.pdf | 40 KB |
vacancy for paddy.pdf | 63 KB |
14.7.2022.pdf | 54 KB |
51-Vacancy Announcement.pdf | 343 KB |
vacancy for Moving Graphics(Computer).pdf | 22 KB |
vacanc call for Statistica lLiteracy - New.pdf | 54 KB |